ချင်းမိုင်မြို့လေးမှာ စတော်ဘယ်ရီခင်း နဲ့ သာယာတဲ့ အိမ်ထောင်လေးတစ်ခု ရှိခဲ့တယ်...တစ်ရက်မှာတော့ ထိုစုံတွဲလေးဟာ ဘက်ပဲ့သွားတယ် အမျိုးသမီးရဲ့ ချစ်လှစွာသောခင်ပွန်းဟာ လူလောကကြီးနဲ့ သူချစ်လှပါတဲ့ မိန်းမ ဖြစ်သူကို ခွဲခွာသွားခဲ့တယ်...ခင်ပွန်းကို ချစ်လှတဲ့ အမျိုးသမီးဟာ တစ်အိုးတစ်အိမ် ထပ်မထူထောင်ပဲကျန်ရစ်ခဲ့တဲ့ သားငယ်လေး ထန် ကို ကြီးပြင်းတဲ့အထိ မိန်းမသား တစ်ယောက်ရဲ့
ခွန်အား နဲ့ ရုန်းကန် ကျွေးမွေး ပညာသင်ပေးခဲ့တယ်....တစ်နေ့မှာတော့ အရွယ်ရောက်လာတဲ့ သားလေး
ထန် ဟာ မိဘ ရဲ့ အရိပ်ကိုစွန့်ခွာပြီး ဘန်ကောက်မြို့ကို ကျောင်းသွားတက်ပါတော့တယ်...နယ်မြို့လေးမှာ အမေ တစ်ယောက် သူ့ကျောင်းစရိတ်အတွက် ဘယ်လို ရုန်းကန်နေလဲဆိုတာ ထန် တစ်ယောက် ဂရုမပြုမိပါဘူး အမေဆီ ဆက်သွယ်တိုင်း သူလိုချင်တဲ့ပစ္စည်းတစ်ခု မဟုတ်ရင် ပိုက်ဆံတွေကိုသာ မှာလေ့ရှိပါတယ်..အမေဖြစ်သူကတော့ သူ့သားလေး ကျန်းမာစွာနေဖို့နဲ့ အသံလေးကြားဖို့သာ
မျှော်လင့်နေခဲ့တာပေါ့....ထန် တစ်ယောက် မြို့ မှာ တက္ကသိုလ် တက်ရတဲ့ အခါ ဖရက်ရှာဝဲလ်ကမ်း မှာ
ဂျွန် ဆိုတဲ့ ပျော်တက်တဲ့ ကောင်မလေးနဲ့ စတင် တွေ့ရပါတော့တယ်..ထန် ရဲ့ စိတ်ရင်းလေးကို ချစ်မိသွားတဲ့ ဂျွန် တစ်ယောက် ထန် အတွက် အမြဲလိုလိုဦးစားပေးခဲ့ပါတယ် သူမလုပ်နိုင်တဲ့ အလုပ်တွေကို ထန်အတွက် ကြိုးစားပြီးလုပ်ခဲ့တယ်သူ့ဘ၀ မှာ အချစ်ဆုံး ချစ်သူအဖြစ် တိတ်တခိုး ချစ်မိပြီး သူတို့ နှစ်ယောက် အမှတ်တရမွေးစားဖြစ်ခဲ့တဲ့ ခွေးလေး ကပေါင် နာမည်နဲ့ Facebook မှာ အကောင့်အသစ် ဖွင့်ပြီး
သူခံစားနေရတာတွေကို Time Line မှာ အမြဲတမ်း ရင်ဖွင့်ခဲ့ပါတယ်...ထန် ဂရုမစိုက်တာတွေ ဂျွန်ကို အလေးမထားတာတွေနဲ့ထန်ရဲ့ နောက်ကွယ်မှာမျက်ရည်ကျခဲ့ရတာတွေအတွက်ပေါ့...အရမ်းချစ်တက်တဲ့
ကောင်မလေး ဂျွန် ကို ထန် တစ်ယောက် အနီးမှာရှိနေလို့မမြင်မိပဲ သာယာတဲ့ နောက် လိုက်နေတက်တဲ့ ရုပ်ရှင်ဒါရိုက်တာ အစ်မယွန် ကိုသာအစွဲကြီး စွဲမိပြီး ယွန် ရဲ့ အချစ်ကိုသာ ရဖို့ ထန် ကြိုးစားခဲ့ပါတယ်...
ဒီလိုနဲ့ ထန် တစ်ယောက် သူ့ကို ချစ်တဲ့ အမေ နဲ့ ဂျွန် တို့ ရဲ့ မေတ္တာတွေကိုမသိနားမလည်ခဲ့ပါဘူး...
ဂျွန် ကလဲ စိတ်နာပြီး ဂျပန် ကို ပညာတော်သင် ထွက်သွားပါတော့တယ်...ထန် အမေ ဖြစ်သူမှာလဲ နယ်မြို့လေးမှာ ကျန်းမာရေး ထိခိုက်ပြီး အိပ်ရာထဲ လဲသွားပါတယ်...ထန် တစ်ယောက် သူ့အပေါ်ထားတဲ့ တကယ့်အချစ်စစ်တွေကိုဘယ်တော့ နားလည်လာမှာလဲ...စိတ်ထားဖြူစင်ပြီး ထန် ကို တကယ်ချစ်တဲ့ ဂျွန် နဲ့ ရော ဆုံနိုင်မှာလားနယ်မြို့လေးက အမေ ရဲ့ ကျေးဇူးကို ရော ပြန်ဆပ်နိုင်မှာလား...သိချင်ရင် ဒီရုပ်ရှင်ကားလေးကိုသာ Download ဆွဲကြည့်လိုက်ပါ...ဒီကားလေးကို ဘာသာပြန်ထားတာကတော့
ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ ကို Hein Htat Aung မှ အလုပ်မအားတဲ့ကြားမှအဓိပ္ပါယ် ပြည့်စုံအောင် ဘာသာပြန်ပေးထားတာဖြစ်ပြီး Channel Myanmar မှပြန်လည် တင်ဆက်ထားပါတယ်.....
(အညွန်းရေးသူကတော့ CM Admin သစ်ဆန်းခန့် ဖြစ်ပါတယ်)
File Size : 680 MB
Quality : Blu ray 720P
Running Time : 2 hr 15 minute
Format : Mkv
Genre : Romance
Encoder : Joker.phs
DOWNLOAD MOVIE
No comments:
Post a Comment