Director: Stephen Elliott ရိုက်ကူးတင်ဆက်ထားပြီးSeptember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ ဖော်ချွတ်အလှပြ ဓါတ်ပုံရိုက်ပြီး ဘ၀ ကို အသက်မွေးတဲ့မိန်းကလေး တစ်ယောက်အကြောင်း ရုပ်ရှင်ဇတ်ကားလေးပါ....အိန်ဂျယ်လီနာ ဟာ အ၀တ်လျှော် ပင်မင်းဆိုင်မှာ အလုပ်လုပ်တဲ့
မိန်းကလေးပါ သူ့မှာ ကြည့်ရှုရမယ့် အရက်ဂျိုးကပ် နေတဲ့ အမေနဲ့အရွယ်မရောက်သေးတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်သူတို့ က အရက်စွဲနေတဲ့ အမေယူထားတဲ့ ပထွေးနဲ့ နေရပါတယ်အိန်ဂျယ်လီနာ မှာလဲ အိမ်မှာ မနေရဲလောက်အောင်ပါပဲအလုပ်က ပြန်လာပြီး အရက်မူးနေတဲ့ ပထွေးက မကောင်းကြံမှာစိုးလို့ညည ညီမလေးဖြစ်သူကို ဖက်ပြီး အိပ်ရပါတယ် ညီမဖြစ်သူကိုလဲ စောင့်ရှောက်ရင်း
ကိုယ့်ကိုကိုယ်လဲ ကာကွယ်နေရတာပေါ့...တစ်ရက်မှာတော့ ကလပ်မှာ ဂစ်တာ တီးတဲ့ အိန်ဂျယ်လီနာ ရဲ့ ရည်းစားကနေဖော်ချွတ် ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းလာပြီး ဒေါ်လာ ၅၀၀ ပေးမယ်လို့ ဆိုပါတယ်မိသားစု အတွက် ငွေလိုနေတဲ့ အိန်ဂျယ်လီနာ တစ်ယောက်လက်ခံ ဓါတ်ပုံရိုက်ပြီး နောက် အမေ နဲ့ ညီမလေး က သိသွားလို့အရှက်ရတယ်လို့ ပြောလာပါတယ် သူမအနေနဲထိုပိုက်ဆံတွေကိုမိသားစုအတွက်သုံးတာ ဖြစ်ပြီး ယခုလို မိသားစုကနေ အရှက်ရတယ်ပြောလာတဲ့အတွက်ဝမ်းနည်းပြီး သူငယ်ချင်းဖြစ်သူ နဲ့ တစ်ခြားမြို့မှာ အိမ်ငှားနေရင်းအလှပြ ဓါတ်ပုံရိုက် အဖွဲ့နဲ့ စပ်ဆက်လို့ လိင်အတု လုပ်ပြီးအွန်လိုင်းတင်ရောင်းတဲ့ အဖွဲ့နှင့် ချိတ်မိကာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတော့တယ်အိန်ဂျယ်လီနာ တစ်ဖြစ်လဲ ချယ်ရီ ဖြစ်လာမယ့် အလှပြမိန်းကလေးတစ်ယောက်ရဲ့ဘ၀မှာအချစ်တွေဘ၀တွေမိသားစု တွေနဲ့ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ
ဒီဇတ်ကားလေးကို ကြည့်ရှုရင်း သိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်...(သစ်ဆန်းခန့်)
DOWNLOAD MOVIE
No comments:
Post a Comment