ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ... ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...ချမ်းမြေ့နည်းပညာ...Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ချမ်းမြေ့နည်းပညာ{သိမ်ဇရပ်သားလေး}ဆိုဒ်လေးသို့အခု့လိုလာရောက်အားပေးမှု့ကိုအရမ်းကျေးဇူးတင်ပါသည်ခင်ဗျာ.....

မန်ဘာဝင်ရန်ဖိတ်ခေါ်ပါတယ်...ပို့စ်အသစ်တင်တိုင်းမိမိတို့ရဲ့ GMAIL ထဲကိုရောက်ရှိနေမှာပါ...

Jun 5, 2015

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး) The Twilight Saga (Film Series ) မြန်မာစာတန်းထိုး

ချမ်းမြေ့နည်းပညာ(သိမ်ဇရပ်သားလေး)












Vampire ချစ်သူပုံပြင်ဇာတ်လမ်းလေးတွေက ရုပ်ရှင်လောကထဲမှာ ကျင်လည်နေခဲ့တာ ကြာပါပြီ .. Dracula ကစလို့  အခုခေတ် True Blood တို့  The Vampire Diaries တို့ အထိပါပဲ .. သာမန်အချစ်ဇာတ်လမ်းတွေထပ် စိတ်ကူးယဉ် Fantasy အချစ်ဇာတ်လမ်းတွေကို လူငယ်ပရိတ်သတ်တွေက ပိုသဘောကျလေ့ရှိကြပါတယ် .. ဒါကြောင့်မို့ လို့ လည်း နဂိုကတည်းက နာမည်ကြီးပြီးသား စာအုပ် Series ဖြစ်တဲ့ 'Twilight' ကို ဇာတ်ကားအဖြစ် 2008 မှာ ရုံတင်ခဲ့တဲ့အခါ လူငယ်ပရိတ်သတ်တွေကြား အရမ်းကို အောင်မြင်ခဲ့တာပါ ...



Twilight (2008)
ဆယ်ကျော်သက်ကောင်မလေး Bella တစ်ယောက် သူ့ အဖေရဲ့ အိမ်ကို ပြောင်းလာခဲ့တာကစပြီး ကျွန်တော်တို့ ဇာတ်လမ်း စခဲ့တာပါ .. အဲ့မှာတင်ပဲ Vampire Edward နဲ့ စတွေ့ ခဲ့တာပါ .. စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းလေးမို့ လို့  သူတို့ ကြားမှာ အဖုအထစ်အနည်းငယ်ရှိခဲ့ပေမယ့် နောက်ဆုံးမှာ တစ်ယောက်ကိုတစ်ယောက်မခွဲနိုင်တဲ့ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ် .. Bella ကို Edward ရဲ့ Vampire မိသားစုကလည်း နွေးထွေးစွာနဲ့  ကြိုဆိုခဲ့ပါတယ် .. အားလုံးက အဆင်ပြေနေပေမယ့်လည်း Bella ကို အမဲလိုက်ချင်တဲ့ Vampire James ပေါ်လာတာကစပြီး ပြသနာတွေ စခဲ့တာပါ …
Twilight 1: Download Link....http://adf.ly/1IJT1c

The Twilight Saga: New Moon (2009)

Edward ဟာ သူ့ ချစ်သူ Bella ဒီလိုဒုက္ခရောက်ရတာ သူ့ ကြောင့်ဆိုပြီး Bella အဝေးကနေ ထွက်ပြေးခဲ့ပါတယ် .. Bella လည်း အသည်းကွဲပြီး Depression ၀င်သွားကာ သူ့ ငယ်သူငယ်ချင်း Jacob ပြန်ပြီး ကူညီဖေးမအားပေးခဲ့လို့ သာ ပြန်အဆင်ပြေလာခဲ့ပါတယ် .. Jacob နဲ့  အချိန်အတူတူဖြတ်သန်းခဲ့တဲ့အတောအတွင်းမှာပဲ သူဟာ Werewolf တစ်ကောင်တစ်ယောက်ဆိုတာ Bella သိခဲ့ရပါတယ် .. တစ်ချိန်ထဲမှာပဲ James ရဲ့ ချစ်သူ Victoria က Bella ကို ကလဲ့စားချေချင်လို့  လိုက်ရှာနေပါတယ် …
Twilight 2: New Moon Download Link>>>> http://adf.ly/1IJT68


The Twilight Saga: Eclipse (2010)

Bella တစ်ယောက် ချစ်သူ Edward ကိုပဲ လက်တွဲရမလား သူငယ်ချင်း Jacob ကိုပဲ ရွေးချယ်ရမလားဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ် .. Victoria ကလည်း Bella ကို ကလဲစားချေဖို့  Vampire Army ကြီးတစ်ခု တည်ဆောက်ပြီး Bella ရှိရာကို ရောက်လာခဲ့ပါတယ် .. Bella ကို ကာကွယ်ဖို့ အတွက် Edward တို့ Vampire မိသားစုနဲ့  Jacob တို့  Werewolf အုပ်စု အတူတူ ပူပေါင်းပြီး Victoria ကို တိုက်ခိုက်ဖို့  ကြိုးစားရပါတော့တယ် …
Twilight 3: Eclipse Download Link..... http://adf.ly/1IJTHq

The Twilight Saga: Breaking Dawn – Part 1 (2011)

Bella ဟာ သူငယ်ချင်း Jacob ကို ကျောခိုင်းခဲ့ပြီး Edward ကို ရွေးကာ လက်ထပ်ခဲ့ပါတယ် .. Honeymoon ခရီးစဉ်မှာပဲ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိခဲ့လို့  အမြန်အိမ်ပြန်လာခဲ့ရပါတယ် .. သူမသယ်ဆောင်နေရတဲ့ကိုယ်ဝန်က Vampire ကလေးလေးမို့ လို့  သူမကို တဖြည်းဖြည်း အားအင်ချိနဲ့ လာစေကာ အသက်အန္တာရယ်ကို စိုးရိမ်ရတဲ့အထိပါ ရောက်လာပါတော့တယ် …

Twilight 4: Breaking Down Part 1 Download Link>>>http://adf.ly/1IJTOH

The Twilight Saga: Breaking Dawn – Part 2 (2012)

Bella ဟာ သူ့ သမီးလေး Renesmee မွေးဖွားပေးနေစဉ်အတောအတွင်းမှာပဲ အသက်ဆုံးရှုံးမလိုဖြစ်ခဲ့တဲ့အတွက် Edward ဟာ သူမကို Vampire အဖြစ် ပြောင်းပေးခဲ့ပါတယ် .. သူတို့ 2 ယောက်ရဲ့ သမီးလေးကို Vampire တစ်ကောင်က တွေ့ ရှိသွားခဲ့ပြီး Immortal Child ဟု အထင်မှားကာ Vampire လောကကို အုပ်စိုးနေတဲ့ Volturi အဖွဲ့ ဆီကို သွားရောက်တိုင်ကြားခဲ့ပါတယ် .. Remesmee ကို သတ်ဖို့ အတွက် Volturi တို့ ကလည်း Bella တို့ ဆီကို ချက်ချင်း ထွက်လာခဲ့ပါတယ် .. Remesmee ကို ကာကွယ်ဖို့ အတွက် Edward နဲ့  Jacob က တဖြန် ပူးပေါင်းပြီး ကာကွယ်ဖို့  ကြိုးစားရပါတော့တယ်

Twilight 5:Breaking Down Part-2 Download Link...http://adf.ly/1IJUCB

ဒီ Twilight Series မှာ တော်တော်များများက မင်းသမီး Kristen Stewart ကို မကြိုက်ကြပေမယ့် ကျွန်တော်ကတော့ သူ့ ကို သရုပ်ဆောင်တတ်တယ်လို့  ထင်ပါတယ် .. အသက်ငယ်သေးတော့ တွေဝေစရာတွေ အများကြီးရှိနေတယ်ဆိုတဲ့သရုပ်ကို သူ ရအောင် ဖော်ပေးနိုင်ခဲ့ပါတယ် .. ဒီဇာတ်ကားတွဲကို ကြိုက်မယ့်သူအများစုက လူငယ်တွေပဲ ဖြစ်ပါလိမ့်မယ် .. အချစ်ကို ခံစားဖူးတဲ့သူတိုင်း အချစ်ကြောင့် တွေဝေဖူးတဲ့သူတိုင်း ဒွိဟဖြစ်ဖူးတဲ့သူတိုင်း ဒီဇာတ်ကားတွဲကို သဘောကျကြမှာပါ .. စိတ်ကူးယဉ် Vampire အချစ်ပုံပြင်လေးကို ခံစားချင်လို့ ပဲ ဖြစ်ဖြစ် သရုပ်ဆောင်တွေကို သဘောကျလို့ ပဲ ဖြစ်ဖြစ် ဒီဇာတ်ကားတွဲလေးကို ကြည့်ကြည့်ကြပါဦးလို့  ညွှန်းပါရစေဗျ

ဇာတ်ကားအညွန်းကို မအားတဲ့ကြားထဲကနေ တကူးတကရေးပေးတဲ့ Aung Wunna Kyawကိုလဲ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ဒီနေရာကနေ ပြောပြပါရစေ

No comments:

Post a Comment